Posts

Showing posts from May, 2018

Invaluable experience with nature

Image
အဖိုးမဖြတ်နိုင်သော တစ်ခဏ တစ်ချို့တွေ ကမ်းခြေသွားရတာ အလွန်ကြိုက်ကြသည်။ ကျွန်တော် နားမလည်။ တစ်ချို့တွေ ခရီးသွားရတာ အလွန်ကြိုက်သည်။ ကျွန်တော် နားမလည်နိုင်။ ခရီးစဥ်တစ်ခုလုံး ခံစားလို့ကိုမရ။ ကျွန်တော့်အကြိုက်တော်တော် ရှားတယ်။ ကြိုက်လိုက်ရင်လည်း အများနဲ့ မတူ။ တစ်နေ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက် သူငယ်ချင်းများနှင့် အတူ ဘားအံသို့ ခရီးသွားရန် တစ်ရက်ချင်းအတွင်း ချိန်းလိုက်သည်။ ထိုအချိန်တွင် ကျွန်တော့်တွင် မျှော်လင့်ချက် ခြောက်ကပ်နေသည်။ ကင်းမဲ့တာတော့မဟုတ်။ အပျော်ဓာတ်လည်း ခံစားလို့မရ။ ဝမ်းနည်းမှုလည်း ဝမ်းနည်းလို့မရသော အချိန်ကာလဖြစ်သည်။ လိုက်ပါမည့် ဘော်ဒါများတွင် သူတစ်ယောက်တည်း ယောကျ်ားလေးဖြစ်နေ၍ အဖော်ပါရန် ကျွန်တော်လိုက်ခဲ့ပေးလိုက်သည်။ ဘားအံသို့ရောက်သော် ဟိုသွားဒီသွားရင်း တစ်နေ့ကုန်သွားသည်။ နောက်နေ့၌ ရေတံခွန်နား သွားရန် သူငယ်ချင်းအပေါင်းများ သဘောတူထားကြသည်။ ရေတံခွန်နားသို့ ကားဖြင့် တစ်ဖြည်းဖြည်းနီးလာစဥ် မိုးများအုံးလာသည်။ အနီးနားရောက်သော် ကားဖြင့်လမ်းမရောက်သဖြင့် ကားကို အပ်ထားပြီး စမ်းချောင်းမြစ်ကို ဖြတ်၍ ရေတံခွန်ဆီသို့ ခြေလျင် ခရီးဆက်ကြသည်။ ခြေလျင်လျှောက်စဥ် မိုးများအုံးလာသည်။ တစ်ဖြ